နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

မည်သူမဆို၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လူ့အခွင့်အရေးနှင့် တိုင်းရင်းသားအားလုံးပါဝင်သည့် နိုင်ငံသားအခွင့်အရေးတို့အတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လှုပ်ရှားဆောင်ရွက်ခြင်း၊ အားပေးကူညီခြင်း၊ ပူးပေါင်းကြံစည်ပါဝင်ခြင်း၊ ဆက်စပ်ပတ်သက်ခြင်းတို့ကြောင့် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ ဖမ်းဆီး၊ ထိန်းသိမ်း၊ ပြစ်ဒဏ်ချမှတ်ခံရသူများအားလုံးကို နိုင်ငံရေးအကျဉ်းသားဟု သတ်မှတ်သည်။ (ဩဂုတ် ၂၀၁၄)

Political Prisoners Post-Coup

2 October 2025

Total Arrested

29773

Still Detained

22483

Killed By Junta

7312

Released

7290

အေအေပီပီ ကောင်ဆယ်လင်း အစီအစဉ်

နှစ်သိမ့်ဆွေးနွေးခြင်းဆိုတာ လူတွေကို ကူညီပေးတဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး၊ စကားပြောဆိုဆွေးနွေးခြင်း၊ အပြုအမူပိုင်းဆိုင်ရာ ကူညီပေးခြင်းနဲ့ လူမှုဆက်ဆံရေးတွေမှာ ပံ့ပိုးပေးခြင်းတို့ ပါဝင်ပါတယ်။ ဒီပညာရပ်ကတစ်ဆင့် လူတွေရဲ့ စိတ်ခံစားချက်ကို ပိုမိုကောင်းမွန်လာစေရန်၊ ကောင်းမွန်မှန်ကန်စွာ တွေးတောတတ်လာစေရန်နဲ့ အပြုအမူတွေကို ပြောင်းလဲလာစေရန် ကူညီပေးနိုင်ပါတယ်။ ကျွန်ုပ်တို့အနေနဲ့ စိတ်ဒဏ်ရာရခြင်း၊ စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်မှုလွန်ကဲခြင်းနဲ့ မူးယစ်ဆေးဝါး/အရက်သေစာ သုံးစွဲမှုပြဿနာများအတွက် လူကိုယ်တိုင်ဖြစ်စေ၊ အွန်လိုင်းမှတစ်ဆင့်ဖြစ်စေ နှစ်သိမ့်ဆွေးနွေးမှုများကို ကူညီပံ့ပိုးပေးနေပါတယ်။

ဆွေးနွေးတိုင်ပင်ရန်

Power Of Powerless

မိမိတို့အေအေပီပီအနေဖြင့် ထောင်တွင်း၌ ခက်ခဲကြမ်းတမ်းမှုများစွာကို ခံစားခဲ့ရပြီး ရင်ဆိုင်ကျော်လွှားကာ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် ကြိုးပမ်းခဲ့ကြသော နိုင်ငံရေးအကျဉ်းသားများကို ဂုဏ်ပြုသောအားဖြင့် ပြခန်းငယ်လေးတစ်ခုကို ဖန်တီးထားပါသည်။