info@aappb.org
အကူအညီပေးရေး အစီအစဥ်
ထောက်ပံ့ကူညီရေးဆိုင်ရာ လုပ်ငန်းစဉ်များ
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၊ ထောက်ပံ့ရေးဌာနသည် နိုင်ငံရေး အကျဉ်းသားများ/ဟောင်းများနှင့် ၎င်းတို့၏ မိသားစုများ၏ စိတ်ပိုင်းဆိုင်ရာနှင့် စားဝတ်နေရေး တစုံတရာ အဆင်ပြေစေရန် ရည်ရွယ်၍ လူမှုအကူအညီများ ထောက်ပံ့ပေးလျှက်ရှိသည်။ ထို့အပြင် ကျဆုံးသူရဲကောင်းများ၏ မိသားစုများ၊ စစ်အာဏာရှင် ဆန့်ကျင်လှုပ်ရှားသူများ၏ လုံခြုံရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုတို့အတွက်လည်း ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက် ရှိသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၊ ထောက်ပံ့ရေးဌာနသည် အကျဉ်းထောင် အသီးသီးရှိ နိုင်ငံရေးအကျဉ်းသားများအား စားဝတ်နေရေးအတွက် ထောက်ပံ့ကူညီပေးခြင်း၊ လက်ရှိနိုင်ငံရေး အကျဉ်းသားများနှင့် လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားဟောင်းများကို ကျန်းမာရေးစောင့်ရှောက်မှုများ ကူညီပေးခြင်းတို့ကို အဓိကထား ဆောင်ရွက်လျက်ရှိပါသည်။
ထို့အပြင် ကျဆုံးသူရဲကောင်း များ၏ မိသားစုဝင်များကိုလည်း ကူညီထောက်ပံ့လျက်ရှိပါသည်။ ပြည်တွင်းရှိ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားသူများ၏ လုံခြုံရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများအတွက်လည်း ကူညီပေးလျက်ရှိသည်။
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရင်း ထိုင်း–မြန်မာနယ်စပ်သို့ တိမ်းရှောင်လာရသော လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအတွက် နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက် အရေးပေါ် အကူအညီလိုအပ်သူများကို ကူညီထောက်ပံ့ ပေးခြင်းများနှင့် ပြည်တွင်းရှိ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူများအတွက် လုံခြုံသောနေရာများ ဖန်တီးပေးခြင်းတို့ကို ရံပုံငွေပေါ် မူတည်၍ ဆောင်ရွက်ပေးလျက်ရှိပါသည်။
ထိုသို့ ကူညီထောက်ပံ့ရင်းဖြင့် အကျဉ်းထောင်အသီးသီးရှိ ထောက်ပံ့ရေးကွန်ရက်များမှ ရရှိလာသော သတင်းအချက်လက်များအား မှတ်တမ်းနှင့်သုတေသနဌာနသို့ ပေးပို့ခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ အချက်အလက်များကို မှတ်တမ်းနှင့်သုတေသနဌာနမှ အတည်ပြုရန်လိုအပ်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ အတွက် ထောက်ပံ့ရေး ကွန်ရက်များနှင့် ချိတ်ဆက်၍ အတည်ပြုချက် ရယူခြင်းများ လုပ်ဆောင်လျက်ရှိပါသည်။
