ရက်စွဲ – စက်တင်ဘာ ၂၂ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ စက်တင်ဘာ ၂၂ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၂၇၆) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၇၁၁) ဦးရှိပြီး ထိုအထဲမှ (၂၂၄၃၀) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁၁၀၃)ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
ပြီးခဲ့သည့်သီတင်းတပတ်အတွင်း အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ပြည်သူ (၃၀) ဦး ဝန်းကျင်ခန့် သေဆုံးခဲ့ကြောင်း အေအေပီပီ၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ သိရသည်။ စက်တင်ဘာလ ၁၅ ရက်နေ့က မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဆည်တော်ကျေးရွာရှိ ဘုန်းကြီးကျောင်းကို ဗုံးကြဲခဲ့သောကြောင့် ဦးဇင်းတပါးနှင့် စစ်ဘေးရှောင်နှစ်ဦး သေဆုံးခဲ့သလို၊ စက်တင်ဘာလ ၁၆ ရက်နေ့၌လည်း ၎င်းမြို့နယ်ရှိ ဥက္ကံကျေးရွာနှင့် ဒီယာကျေးရွာကို ဖျက်အားပြင်းဗုံးများဖြင့် တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူခြောက်ဦး သေဆုံးခဲ့သည်။ စက်တင်ဘာလ ၁၇ ရက်နေ့တွင်လည်း တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာကို လေကြောင်း တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံနှစ်ဦး သေဆုံးခဲ့သည်။ ထိုနေ့တွင်ပင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ်တဦး သေဆုံးခဲ့သည်။
ထို့ပြင် စက်တင်ဘာလ ၁၈ ရက်နေ့က မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်တိုင်ကျေးရွာရှိ ဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကိုရင်ကြီးတပါး ပျံလွန်တော်မူခဲ့သည်။ စက်တင်ဘာလ ၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ သိမ်တော်ကျေးရွာမှ မြေးအဘိုးသုံးဦးတို့သည် ဘေးတွဲဆိုင်ကယ်ဖြင့် သွားလာနေစဉ် စစ်အုပ်စု၏လှည့်ကင်းနှင့်တွေ့၍ သေနတ်ဖြင့် ပစ်ခတ်ခံရသောကြောင့် နှစ်ဦး သေဆုံးခဲ့ပြီး တဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထိုနေ့တွင်ပင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ထုံးဘိုကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဒရုန်းဖြင့် ဗုံးကြဲခဲ့သောကြောင့် သားအမိနှစ်ဦး သေဆုံးခဲ့သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)
စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်