ကွက်လပ်ဖြည့်ပါ | Ep 10: "အတူတူသန်မာကြမယ်"

တော်လှန်ကာလမှာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို အတူတူဝိုင်းဝန်းဖြေရှင်းပေးနိုင်ဖို့ “ကွက်လပ်ဖြည့်ပါ” အစီအစဉ်ကကြိုဆိုပါတယ်။ ဒီတပတ်မှာတော့ ‘အတူတူ သန်မာကြမယ်’ ဆိုတဲ့ခေါင်းစဉ်နဲ့ မစန္ဒီ၊ ကိုမင်းလွန်တို့နှင့်အတူ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ တော်လှန်ရေးကာလမှာ ကွက်လပ်ဖြည့်ပေး  ရမယ့်နေရာတွေ အများကြီးရှိနေပါတယ်။ အားလုံးကလည်း တတ်စွမ်းသမျှ ဖြည့်ဆည်းနေကြတာပါ။ အဲဒီအထဲမှာ စိတ်ဓါတ်ခွန်အားတွေအတွက် တနည်းအားဖြင့် စိတ်ကျန်းမာရေးအရ ပိုမိုတည်ဆောက်ရှင်သန်အောင် အတူဝိုင်းဝန်းဖြည့်ဆည်းကြဖို့လည်း လိုအပ်နေတာဖြစ်ပါတယ်။ ဒီကွက်လပ်အတွက်ရည်ရွယ်ပြီး အေအေပီပီရဲ့ Mental Health Assistance Program ကနေ “ကွက်လပ်ဖြည့်ပါ” ဆိုတဲ့ အစီအစဉ်ကို အများပြည်သူအတွက် စိတ်ကျန်းမာရေးဆိုင်ရာအထောက်အပံ့ဖြစ်စေဖို့ တင်ဆက်ထုတ်လွှင့်ပေးလိုက်ရပါတယ်။ နောက်အပတ်တွေမှာလဲ ကွက်လပ်ဖြည့်ပါ အစီအစဉ်ရဲ့ ဘယ်လိုခေါင်းစဉ်တွေကို ဘယ်သူတွေက ဆွေးနွေးတင်ဆက်သွားမယ်ဆိုတာကို ဆက်လက်စောင့်မျှော် ကြည့်ရှုခံစားပေးကြပါ။