၂၀၂၅၊ ဇူလိုင်လ တလတာ အနှစ်ချုပ်အစီရင်ခံစာ

၂၀၂၅၊ ဇူလိုင် ၁ ရက်မှ ၃၁ ရက်ထိ

ဩဂုတ် ၃၊ ၂၀၂၅

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကောက်ယူထားသော သတင်းအချက်အလက်များအရ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တလတာအတွင်း နိုင်ငံရေးအရ ဖမ်းဆီးချုပ်နှောင်ခံရသူ စုစုပေါင်း (၅) ဦးရှိခဲ့သည်။ ထို့အပြင် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၁၀၄) ဦး သေဆုံးခဲ့သည်။ အဆိုပါအရေအတွက်ထဲတွင် ဖမ်းဆီးခံရပြီးနောက် အကြောင်းအမျိုးမျိုးဖြင့် သေဆုံးခဲ့ရသူ စုစုပေါင်း (၁၀) ဦး ပါဝင်သည်။

ဖော်ပြပါကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီက လက်လှမ်းမီသမျှကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမည်နှင့်တကွ အတည်ပြုထားနိုင်သော အချက်အလက်များကို ထည့်သွင်းထားခြင်းဖြစ်ကာ မြေပြင်တွင် ဖြစ် ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အတည်ပြုရန်လိုအပ်နေသည့် တလအတွင်း သေဆုံးခဲ့သူ (၁၄၀) ဝန်းကျင်ခန့် အရေအတွက်ကိုလည်း သီးခြားကောက်ယူထားပြီး အတည်ပြုနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။

“ စစ်အုပ်စုက မတရားသဖြင့် အာဏာသိမ်းပြီးကတည်း ၄ နှစ်ခွဲတွင်းမှာ တစိုက်မတ်မတ် လုပ်ဆောင်နေတာက အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့၊ ပေါ်တာဆွဲတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ မတရားသဖြင့် ထောင်ဒဏ်ချမှတ်တာ၊ လူငယ်တွေကို မတရားသဖြင့် စစ်ထဲသွတ်သွင်းနေတာ အစရှိသဖြင့် စစ်ရာဇဝတ်မှုနဲ့ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေတာဖြစ်တယ်။ စစ်တပ်က နိုင်ငံရေးမှာပါနေလို့ တိုင်းပြည်တိုးတက်စရာ မရှိဘူး၊ အခြေအနေက ဒီထက်ဆိုးဖို့ပဲ ရှိတယ်။ စစ်အုပ်စုအနေနဲ့ နာမည်အမျိုးမျိုးပြောင်းပြီး မတရားအာဏာယူပေမဲ့ ပြည်သူထောက်ခံမှုက ရမှာမဟုတ်ပါဘူး။ စစ်တပ်က ရွေးကောက်ပွဲ လုပ်မယ်လို့ ဆိုနေပေမဲ့ တသက်လုံးလိမ်နေတဲ့ ဒီစစ်အုပ်စုကတိဆိုတာ ယုံကြည်စရာမရှိပါ။” ကိုဘိုကြည်၊ တွဲဖက်အတွင်းရေးမှူး (အေအေပီပီ)

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)